Search
  • Inspiro Institute

မတူတဲ့ရှုထောင့်နဲ့ MBA

Updated: Feb 16

တခြားသူရဲ့အမြင်နဲ့ကြည့်ပါ။


ဒုတိယကမ္ဘာစစ်အတွင်းက မဟာမိတ်တပ်တွေဟာ အရေးပါတဲ့ စစ်ဆင်ရေးဆင်နွဲဖို့ .. မြို့တစ်မြို့ကို အင်အား အလုံးအရင်းနဲ့ ချီတက်ခဲ့တယ်၊ အဲ့ဒီမြို့ကို မရောက်မီမှာ တံတားတစ်စင်းကိုဖြတ်ဖို့ဖြစ်လာပါတယ်။ ခက်တာက သူတို့ရဲ့ ထရပ်ကားတွေရဲ့ ခေါင်မိုးက တံတားဘောင်နဲ့မလွတ်ဘူးဖြစ်နေပါလေရော။ စစ်ဗိုလ်တွေ အကုန် အကြပ်ရိုက်နေတော့တာပေါ့.. အချိန်မှီရောက်ရေးကသူတို့ အတွက် မဟာဗျူဟာအရသိပ်အရေးကြီးတယ်။ ကားတွေကလည်း တဖက်ကမ်းကို အကုန်ရောက်ရမယ်။ ပစ္စည်းတွေချနေရင်လည်းအချိန်ကဘယ်လိုမှမမှီတော့ဘူး၊ ဒီလိုအကြပ်ရိုက်နေချိန်မှာ ဘေးမှာ ရပ်နေတဲ့ ကလေးတစ်ယောက်က စစ်ဗိုလ်တွေကို တခုခုပြောချင်တဲ့ပုံပေါက်နေတာနဲ့ စစ်သားတစ်ယောက်ကနေမေးလိုက်ပါတယ်။ ‘’မင်းဘာပြောချင်တာရှိလို့လည်း’’ ‘’ဆရာတို့ အမိုးနဲ့ မလွတ်ရင် ဘီးကိုလေနည်းနည်းဆီလျှော့ကြည့်ပါလား’’ တဲ့ စစ်ဗိုလ်အားလုံး နဖူးရိုက်သွားပါလေရော.............. ကောင်လေးပြောသလိုလုပ်လိုက်တာ မြို့ကို အချိန်မှီရောက်လို့ စစ်ဆင်ရေးလည်း အောင်မြင်ခဲ့ပါတယ်။

မတူတဲ့ ရှုထောင့်ကကြည့်ပါ။


ဒီမှာ သင်ခန်းစာလေးတစ်ခုကိုမျှဝေချင်ပါတယ်။ သူများတွေပြောနေသလို ဘယ်သူ့မှ အထင်မသေးဖို့မဟုတ်ဘူးနော်။ Perspective လို့ခေါ်တဲ့ ရှုထောင့်လေးတစ်ခုကွာသွားတာဟာ ဘယ်လောက်တာသွားလည်းဆိုတာကို သိမှတ်စေချင်ပါတယ်။ ထိုနည်းလည်းကောင်းပါပဲ...... ကိုယ့် Business အတွက် ဆို Idea မထွက်ဘူး။ သူများ Business ကိုကြည့်ရင် ပိုမြင်တယ်။ Idea ပိုထွက်တယ်အကြံဉာဏ်ပေးနိုင်တယ်။



အလုပ်တစ်ခုပြီးမြောက်ဖို့ တစ်လမ်းထဲရှိတာမဟုတ်ပါဘူး

Manager လုပ်နေသူတိုင်းလည်း ဒါကို မလွဲမသွေကြုံဖူးကြပါလိမ့်မယ်။ Manager တစ်ယောက်အနေနဲ့..ကိုယ်ကလက်တွေ့လုပ်ငန်းထဲမှာ နစ်မြုပ်နေတဲ့အတွက် ပြင်ပရှုထောင့်ကနေ မတွေးဖြစ်ဘူး။ တခါတရံမှာ အပြင်လူတစ်ယောက်က Overview ကိုပိုမြင်နိုင်ပါတယ်။ နေ့စဉ် operations တွေနဲ့နစ်မြုပ်နေတဲ့အချိန်မှာ Strategy တွေ Plan တွေမစဉ်းစားဖြစ်တာ၊ ယိုကွက်ဟာကွက်ကို မမြင်နိုင်တာတွေရှိပါတယ်။ ဒါတွေကို ဘယ်လိုလူတွေကပိုမြင်သလည်းဆိုရင် Level တူ အတွေ့အကြုံမြင့်သူတွေ၊ Specialize လုပ်ထားတာမတူသူတွေ၊ နယ်ပယ်အသီးသီးမှာကျင်လည်ဖူးသူတွေက ပိုမြင်ပါတယ်။


ဒီလိုလူအများစုကို ကျွန်တော်တို့ MBA Program တွေထဲမှာခဏခဏတွေ့ရပြီး၊ စာတူတူသင်ကြားရုံမကပဲ လက်တွေ့ အတွေ့အကြုံတွေ လုပ်ငန်းထဲက အခက်အခဲတွေဆွေးနွေးခိုင်းချိန်တွေမှာ မထင်ထားမိတဲ့ အမြင်မျိုးရသွားတတ်ပါတယ်။ တချို့ဆိုဒီကရတဲ့ Insight ကို ချက်ချင်းသုံးပြီး အောင်မြင်သွားတာမျိုးလည်းကြုံဖူးပါတယ်။ ကိုယ်ရဲ့ အတန်းဖော်က ကိုယ်မတွေကြုံဖူးသေးတဲ့ အခက်ခဲ၊ ကိုယ်မလုပ်ဖူးသေးတဲ့ Project ကို တွေကြုံပြီးသားလူဖြစ်နိုင်တယ်။ ဒီလိုအချိန်မှဆိုရင် သူရဲ့အတွေ့အကြုံနဲ့ လုပ်ကိုင်နည်းများက ကိုယ့်အတွက်အရမ်းအသုံးဝင်နိုင်တယ်။



idea မတူတာတွေကို အတွေ့အကြုံမတူတဲ့သူတွေက သယ်လာပေးနိုင်ပါတယ်

ဒီလိုကိစ္စတွေက Industry တူတဲ့သူတွေမှာ ဖြစ်နိုင်သလို မတူတဲ့သူတွေမှာလဲ အတွေ့အကြုံ share ပေးတာတွေကိုတွေ့ရပါတယ်။ ဒီနေ့ဆိုရင် ဝန်ထမ်းတွေအတွက် tax သက်သာခွင့်ကို ဘယ်လိုလုပ်ပေးရမလဲဆိုတာကို သိလိုက်ရတယ်။ နောက်တစ်ခု ကိုယ့်ကိုအကြံပေးတဲ့သူဆီမှာ သူ့လုပ်ငန်းခွင်မဟုတ်တဲ့အတွက် risk နည်းတယ်။ ဒီအတွက်ကြောင့်ပိုပြီး ဆုံးဖြတ်ချက်တစ်ခုကို ရဲရဲဝံ့ဝံ့စဉ်းစားနိုင်တယ်။ ကိုယ်ကတော့ စဉ်းစားတဲ့အချိန်မှာ risk ဆိုတဲ့ဘောင်တစ်ခုကကန့်သတ်ထားတော့ ဒီလောက်ဆုံးဖြတ်ချက်ကမရဲဘူး။ ကျွန်တော်ပြောနေတာ အကြံပေးတာတွေကို မချင့်ချိန်ပဲ နားထောင်ခိုင်းတာမဟုတ်ဘူးနော်။ နောက်ဆုံးဆုံးဖြတ်ချက်ကတော့ ကိုယ်ပဲချရမှာ မဟုတ်လား။ အနည်းဆုံးတော့ ရွေးစရာ Option တစ်ခုရတယ်။



အတွေအကြုံတွေပေါင်းစပ်ဖို့အကောင်းဆုံးနေရာ ကအတန်းထဲမှာပဲ

MBA ဆိုတာက အပြင်မှာဆုံးဖြတ်ချက်တွေ မချခင် analysis လုပ်ကြည့်လို့ရတဲ့ နေရာပဲမဟုတ်လား။ ကိုယ်မသိသေးတဲ့ အချက်အလက်ကိုရနိုင်တယ်။ ကိုယ်မစဉ်းစားဖူးတဲ့ရှုထောင့်တစ်ခု ကနေစဉ်စားဖြစ်တယ်။ ကျွန်တော်ဆိုရင် Finance နဲ့ပတ်သက်ပြီးမသိတာတွေကို အတန်းထဲက Finance Manager အမဆီကနေအများကြီးသိလိုက်ရတယ်။ ဒီနေ့ဆိုရင် ၂၀၁၅ ရွေးကောက်ပွဲအနီးတဝိုက်မှာဖြစ်တတ်တဲ့ စျေးကွက်အခြေအနေတွေကို သိရတယ် အနည်းဆုံး ၂၀၂၀ အတွက်ကို ကိုယ့်လုပ်ငန်းအတွက်ကြိုတင်စဥ်းစားဖြစ်စေတယ်။ ဒါက MBA အတန်းထဲမှာ ကြုံလေ့ရှိတဲ့အတွေ့အကြုံပဲဗျ။ သင်ခန်းစာတွေကို ဒီအတိုင်းသင်ပေးပြီး အချိန်တန်ရင်အတန်းဆင်းသွားတာထက်တော့ ကျွန်တော်ကပိုကြိုက်တယ်။


ဆရာကောင်းတပည့်ပန်းကောင်းပန်.


နောက်ပြီးတော့ ဆရာဆရာမကြီးတွေ က အတန်းတွင်း Discussion တွေကို moderate လုပ်ပေးနေတာကတန်ဖိုးရှိတယ်ဗျ။ စာတွေတင်မဟုတ်ပဲ လုပ်ငန်းကြီးတွေမှာ အကြံပေးအနေနဲ့ လုပ်လာခဲ့တဲ့ ဆရာဆရာမကြီးတွေ ဖြစ်တော့ အလုပ်ထဲက ကိစ္စတွေ ကောင်းကောင်းနားလည်တယ်ဗျ။ ပါတာပဲဖတ်ပြီးသင်ပြီးစာမေးပွဲအောင်သွားရင်တော့ အရေအတွက်ပဲဖြစ်လာမှာပဲ။ မိတ်ဆွေတို့လဲ ဆရာဆရာမ ကောင်းကောင်း ကိုပဲရွေးကြပါဗျာ။ ကျွန်တော့အတွက် ကဘွဲ့လက်မှတ်ဆိုတာ သက်သက်ထက် learning experience မှာကွာတယ်ဗျ။ MBA တွေကို လက်တွေ့နဲ့မနီးစပ်ဖူးလို့ အပြောမခံချင်ပါဘူးဗျာ။ မိတ်တွေတို့ရော……..


လေးစားစွာဖြင့်

စည်သူအောင်

ပုံများအားလုံးကို freepics.com မှရယူသုံးစွဲထားပါသည်။


23 views

Inspiro Institute

110-112,Bo Aung Kyaw Street(Lower Block),Yangon,11181.

+959257776667

info@inspiroinstitute.com

  • Facebook
  • LinkedIn
  • Instagram

@2020 Inspiro Institute.Proudly Created by the students of Inspiro from L5DBIT.Mr.Soe Moe Lwin,Miss.Su Pan Aung,Mr.Soe Lwin Tun